Y.8 5820 ဘာ​ကြောင့်​ပျက်​ကျနိုင်​တယ်​ဆိုတာ သဲလွန်စ... တပ်​မ​တော်​​လေ၏ သယ်​ယူပို့​ဆောင်​​ရေး​လေယာဉ်​ဖြစ်​​သော...Y.8 ​လေယာဉ်​အမှတ်​ ၅၈၂၀ သည်​...အက်​ဒမင်​ပင်​လယ်​ပြင်​​တွင်​ ထာဝရ အနားယူသွားပြီဖြစ်​ကာ​လေယာဉ်​​ပေါ်ပါသွား​သော...တပ်​ဖွဲ့ဝင်​များ တပ်​မိသားစုဝင်​များအတွက်​များစွာစိတ်​မ​ကောင်းဖြစ်​မိသလို​နောင်​ဘဝဆက်​တိုင်း ဒီလိုအဖြစ်​ဆိုးမျိုးမှကင်း​ဝေးပါ​စေဟုဆု​တောင်းပါ၏... . အပြည့်အစုံကြည့်ရန် နှိပ်ပါ။>>>


Y.8 5820 ဘာ​ကြောင့်​ပျက်​ကျနိုင်​တယ်​ဆိုတာ သဲလွန်


Y.8 5820 ဘာ​ကြောင့်​ပျက်​ကျနိုင်​တယ်​ဆိုတာ

တပ်​မ​တော်​​လေ၏ သယ်​ယူပို့​ဆောင်​​ရေး​လေယာဉ်​ဖြစ်​​သော…Y.8 ​လေယာဉ်​အမှတ်​ ၅၈၂၀ သည်​…အက်​ဒမင်​ပင်​လယ်​ပြင်​​တွင်​ ထာဝရ အနားယူသွားပြီဖြစ်​ကာ​လေယာဉ်​​ပေါ်ပါသွား​သော…တပ်​ဖွဲ့ဝင်​များ တပ်​မိသားစုဝင်​များအတွက်​များစွာစိတ်​မ​ကောင်းဖြစ်​မိသလို​နောင်​ဘဝဆက်​တိုင်း ဒီလိုအဖြစ်​ဆိုးမျိုးမှကင်း​ဝေးပါ​စေဟုဆု​တောင်းပါ၏…ကျွန်​​တော့်​မိတ်​​ဆွေ WK Auto Mechanic ၏ မိတ်​​ဆွေများလည်းပါသွားခဲ့ပြီး…ကျန်​ရစ်​သူ မိသားစုများအတွက်​…
ထပ်​တူ ထပ်​မျှ ခံစားဝမ်းနည်းမိပါသည်​။
ယခုပျက်​ကျ​သော Y.8 ​လေယာဉ်​သည်​၂၀၁၆ မတ်​လအတွင်းက​ရောက်​ရှိလာ​သော…​လေယာဉ်​အသစ်​ဖြစ်​ပြီး တိုက်​ပွဲဝင်​နိုင်​​သောတိုက်​ခိုက်​​ရေးဗားရှင်း​ Transporter ​လေယာဉ်​ဖြစ်​ကာ…ကျည်​ဒဏ်​ ​တော်​ရံရာသီဥတုဒဏ်​ခံနိုင်​ရည်​ရှ်ိပြီး…မြန်​မာပြည်​​ရောက်​ပြီး​သော အခြား Y.8 ​လေယာဉ်​များထက်​အီလက်​ထရွန်းပိုင်း ဆက်​သွယ်​​ရေးပိုင်း ​​လေယာဉ်​ကွန်​ထရိုးပိုင်း ​ရေဒါပိုင်းဆီသို​လှောင်​စနစ်​အပိုင်း အစစ အရာရာသာလွန်​​သော​မောင်းနှင်​ချိန်​ နာရီ ၁၀၀၀ ပင်​မပြည့်​​သေး​သော​ပျံသန်းချိန်​ ၀ နာရီတွင်​ဝယ်​ယူထား​သော​လေယာဉ်​အသစ်​ဖြစ်​ပါသည်​…
လေယာဉ်​အင်​ဂျင်​မှာ စက်​​လေးလုံးတပ်​အမျိုးအစားဖြစ်​ပြီး…​လေယာဉ်​ဆီအပြည့်​ဖြည့်​ပြီးချိန်​တွင်​ ​လေယာဉ်​အ​လေးချိန်​ပါကုန်​ချိန်​ ၆၁ တန်​ အထိတင်​​ဆောင်​ကာ ​လေထဲပျံတက်​နိုင်​​သော ​လေယာဉ်​အမျိုးအစားဖြစ်​ကာ…ကီလိုမီတာ ၅၆၀၀ ကို တစ်​ဆက်​တည်း​မောင်းနှင်​နိုင်​​သော​လေယာဉ်​အမျိုးအစား ဖြစ်​ပါသည်​…

စက်​​လေးလုံးပါသဖြင့်​ စက်​နှစ်​လုံးပျက်​သွားသည့်​တိုင်​​လေယာဉ်​ပျံသန်းရန်​ လိုအပ်​​သော Knots အတိုင်းဆက်​လက်​၍ လိုရာ​ရောက်​​အောင်​ပျံသန်းနိုင်​​သော​လေယာဉ်​အမျိုးအစားဖြစ်​ပါသည်…
လေယာဉ်​​မောင်းနှင်​​သော ​လေယာဉ်​မှူးကြီးမှာယာယီ ဒုဗိုလ်​မှူးကြီးဖြစ်​ကာ တွဲဘက်​​လေယာဉ်​မှူးမှာလည်
ယာယီဒုဗိုလ်​မှူးကြီးပင်​ဖြစ်​ပြီး ​လေယာဉ်​ပျံသန်းချိန်​ နာရီ ၄၀၀၀ နီးပါးရှိ​သောအ​တွေ့အကြုံရင့်​ ​လေယာဉ်​မှူးများဖြစ်​ကြပါသည်​…တွဲဘက်​​လေယာဉ်​မှူးမှာ ကျွန်​​တော်​နှင့်​စကား​ပြောဖူး​သောအ​တွေ့အကြုံအရ ​အေး​ဆေးတည်​ငြိမ်​ကာ အလုပ်​တစ်​ခုကို အ​ကောင်းဆုံး ဆုံးဖြတ်​ချက်​ချမှတ်​နိုင်​​သော အရည်​အချင်းရှိသူဖြစ်​ပါသည်​…​လေယာဉ်​မှူးမှာ ဒီထက်​သာဖို့သာရှိပါသည်​…
သယ်​ယူပို့​ဆောင်​​ရေး​လေယာဉ်​​မောင်းရာတွင်​အ​တော်​ဆုံးပိုင်း​လော့များထဲတွင်​ပါ​သော​ကြောင့်​​လေယာဉ်​အသစ်​စက်​စက်​ကြီးကို တရုတ်​ပြည်​တွင်​သွား​ရောက်​​လေ့လာသင်​ယူခဲ့ပြီး ​အဆိုပါ​လေယာဉ်​အားတရုတ်​ပြည်​မှ မြန်​မာပြည်​အထိ ကိုယ်​တိုင်​​မောင်းနှင်​သယ်​​ဆောင်​လာခဲ့ခြင်းဖြစ်​၍ လူကြီးများက ယုံကြည်​​သော​ကြောင့်
တာဝန်​​ပေးထားခြင်းဖြစ်​​ပါသည်​…
ထို့​ကြောင့်​ ​လေယာဉ်​ပျက်​ကျရာတွင်​​လေယာဉ်​မှူးများ၏ ချို့ယွင်းချက်​​ကြောင့်​မဖြစ်​နိုင်​ဟု​ယေဘုယျအားဖြင့်​ သုံးသပ်​နိုင်​ပါသည်​…
ဒါဆို ​လေယာဉ်​ စက်​ချို့ယွင်းချက်​​ကြောင့်​လားဟုသုံးသပ်​စရာရှိပါသည်​…ကျွန်​​တော်​က​တော့ ​လေယာဉ်​စက်​ချို့ယွင်းပါက​လေယာဉ်​မှူးများနှင့်​ ​လေယာဉ်​အဖွဲ့သားများကစက်​ချို့ယွင်း​ကြောင်း အနီးဆုံး​လေယာဉ်​ကွင်းသို့သတင်းပို့ပြီး ကွင်းဆင်းခွင့်​​တောင်းမည်​ဖြစ်​ရာ…ထိုကဲ့သို့ သတင်း မပို့ခဲ့​သော​ကြောင့်​…စက်​ချို့ယွင်းမှု့​ကြောင့်​မဖြစ်​နိုင်​ဟု​ယေဘုယျအားဖြင့်​ သုံးသပ်​နိုင်​ပါသည်​…
ဒါဆို ​လေယာဉ်​ထိန်းချုပ်​​မှုကွန်​ထရိုးပိုင်း​ချို့ယွင်းချက်​​ကြောင့်​လားဟု သုံးသပ်​စရာရှိပါသည်​…​လေယာဉ်​ တစ်​စီးသည်​ သူ့သတ်​မှတ်​အမြန်​နှုန်း Knots အတိုင်းပျံသန်းလာချိန်​တွင်​​လေယာဉ်​ထိန်းချုပ်​မှု့ကွန်​ထရိုးပိုင်းချို့ယွင်းပါကချက်​ချင်းကြီး စက္ကန့်​ပိုင်းအတွင်းပျက်​ကျရန်​ခဲယဉ်းမည်​ဟု
ထင်​ပါသည်​…​လေယာဉ်​ထိန်းချုပ်​မှု့ပိုင်း ချို့ယွင်းချက်​သည်​အင်​မတန်​မှဖြစ်​ခဲလှသလို ဘီးမကျသည်​သာဖြစ်​တတ်​ကြပါသည်​…ဒါ​ကြောင့်​ ​အနီးဆုံး​လေယာဉ်​ကွင်းသို့​လေယာဉ်​ထိန်းချုပ်​မှု့ချို့ယွင်းခဲ့ပါက သတင်းပို့နိုင်​ခဲ့မည်​ဟု ယူဆပါသည်​…​နောက်​မြန်​မာတပ်​မ​တော်​​လေယာဉ်​မှူးများသည်
နောက်​မြီးအုံတစ်​ခုလုံး စုတ်​ပြတ်​​နေ​အောင်​ကျည်​မှန်​ထားသည့်​ကြားက ထိုင်းနယ်​စပ်​မှ ကျိုင်းတုံ​လေယာဉ်​ကွင်း​ရောက်​​အောင်​​မောင်းခဲ့နိုင်​သူများရှိခဲ့ဖူးရာ…​လေယာဉ်​ထိန်းချုပ်​မှု့ပိုင်း ချို့ယွင်းခဲ့ပါကမိနစ်​အနည်းငယ်​အထိ​တော့ ထိန်းသိမ်း​မောင်းနှင်​ကာထားဝယ်​တွင်​ ဆင်းသက်​နိုင်​ပါသည်​…

ဒါဆို မ​လေး​လေယာဉ်​ကဲ့သို့မစ်​ဆိုင်းဖြင့်​ ပစ်​ချတာ​ရော မဖြစ်​နိုင်​ဘူးလား…ဒါက​တော့ လုံးဝမဖြစ်​နိုင်​ဟုဆိုနိုင်​ပါသည်​…မ​လေး​လေယာဉ်​ MH ပစ်​ချခံရတုန်းကသူများ​လေပိုင်​နက်​​ပေါ်မှာဖြစ်​ပြီး…ယခု Y.8 ကဲ့သို့ မိမိ​လပိုင်​နက်​​ပေါ်တွင်​မဟုတ်​…မစ်​ဆိုင်း Lock အလုပ်​ခံရပါကလည်း
Y.8 2000 F သည်​ တိုက်​ပွဲဝင်​သယ်​ယူပို့​ဆောင်​​ရေး​လေယာဉ်​အမျိုးအစားဖြစ်​သဖြင့်​ မစ်​ဆိုင်း ​လော့ခ်​ လုပ်​ထားပြီဖြစ်​​ကြောင်း​ရေဒါမှ သတိ​ပေး​သောစနစ်​ပါမည်​ထင်​ပါသည်​…​ဒါ​ကြောင့်​ မစ်​ဆိုင်း ​လော့ခ်​ လုပ်​ခံရပါကလည်းသတင်းပို့နိုင်​ခဲ့ဦးမည်​ဖြစ်​ပါသည်​…
ဒါဆို အများ​ပြောသလို ဂက်​စ်​အိုး​ပေါက်​ကွဲတာ​ရောဖြစ်​နိုင်​မလားဆို​တော့…ထိုင်းတွင်​ LPG ဂက်​စ်​​လောင်​စအိုးများဆင်​​ပေး​သောအ​တွေ့အကြုံအရ ဂက်​စ်​အိုးတစ်​လုံးမှာ​ပေါက်​ကွဲရန်​ မလွယ်​ကူလှပါ…
ဂက်​စ်​အိုး အထွက်​တွင်​ထည့်​သွင်းထား​သောဘား​လေးမှာ သတ်​မှတ်​ ဖိအား Psi တစ်​ခု​ရောက်​မှသာအပြင်​မှ အရာအိုးထဲသို့ဝင်​နိုင်​မည်​ကာ…အဆိုပါ ဘား​ကောင်း​နေပါက ဂက်​စ်​အိုးဖွင့်​ ဂက်​စ်​လွှတ်​ကာ မီးရှို့ထားသည့်​တိုင်​ဂက်​စ်​​ငွေ့သည်​ကုန်​သွားမည်​ဖြစ်​ပြီး အထဲသို့မီးမ​ရောက်​သဖြင့်​ မ​ပေါက်​ကွဲနိုင်​ပါ…ဂက်​စ်​အိုး ​ပေါက်​ကွဲရန်​ ဂက်​စ်​​ငွေ့အထွက်​ဘားမ​ကောင်း၍ဂက်​စ်​အိုးထဲသို့ မီး​ရောက်​ရမည်​ဖြစ်​သလို…
ဘား​ကောင်း​နေပါက အပြင်​မှ ပြင်းထန်​​သော
အပူချိန်​အတိုင်းအတာတစ်​ခုရမှသာ​ပေါက်​ကွဲနိုင်​မည်​ဖြစ်​ပါသည်​…ဒါက​တော့ ခန့်​မှန်း​ပြောဆိုချက်​သာဖြစ်​ပြီး…​လေယာဉ်​​ပေါ်တွင်​ ဂက်​စ်​အိုး ပါ မပါ​သေချာမသိခဲ့ပါ…

ဒါဆို ကုန်​အ​လေးချိန်​များ၍လားဟုသုံးသပ်​စရာရှိပါသည်​…လူကြီး ၁၀၂ ဦး က​လေး ၁၅ ဦး၏
အ​လေးချိန်​မှာ ပျမ်းမျှ တစ်​ဦး ကီလို၆၀ ဖြင့်​တွက်​သည့်​တိုင်​ ၆ တန်​ခွဲမပြည့်​…ပါလာ​သော ကုန်​ချိန်​ ၂.၄ တန်​ဖြင့်​​ပေါင်း၍အခြား လက်​ဆွဲကုန်​ချိန်​များဖြင့်​ ​ပေါင်းသည့်​တိုင်​၁၀ တန်​မပြည့်​သဖြင့်​ တင်​​ဆောင်​နိုင်​​သော
ဝန်​အားထက်​ အများကြီးလို​နေပါ​သေးသည်​…​နောက်​​လေယာဉ်​မှာ ကားနှင့်​ ​ရေယာဉ်​များကဲ့သို့
တင်​ချင်​သလို တင်​ကာ​မောင်း၍ ရသည်​မဟုတ်​…ဝန်​အားမနိုင်​ပါက ကွင်းမှာစတက်​တည်းက​လေထဲသို့ မပျံတက်​နိုင်​ပါ…ဒါ​ကြောင့်​ ကုန်​ချိန်​များ၍ ပျက်​ကျခြင်းဖြစ်​သည်​ဟူ​သော​ပြောဆိုချက်​များမှာ လုံးဝ ဖြစ်​နိုင်​ဖွယ်​မရှိပါ…
ဒါ​ဆို Y.8 ပျက်​ကျတာ ဘာ​ကြောင့်​ဖြစ်​နိုင်​သလည်း…ကျွန်​​တော်​ဟာ ​လေယာဉ်​ပျက်​ကျရာ ​နေရာအနီးတွင်
လှေစက်​ဆရာ လုပ်​ကာသွားလာခဲ့ဖူးပြီး…အဆိုပါ​နေရာသည်​ ရှင်​​မော်​အထွက်​နှင့်​သိပ်​မကွာ​ဝေးလှ​သော…
ရေထရက်​များ ​ရေတက်​ ​ရေကျကြမ်း​သော​နေ့များတွင်​စုပ်​ဝဲအကြီးကြီးဖြစ်​တတ်​ကာ အခြား​နေရာများတွင်
ရာသီဥတု ​ကောင်းမွန်​​နေ​သော်​လည်းအဆိုပါ​နေရာ အနီးတစ်​ဝိုက်​တွင်​ ရာသီဥတု မမှန်​ ဆိုးဝါးကာလှိုင်း​လေ ပြင်းထန်​ကြီးမား၍ဘာမြူဒါတြိဂံကဲ့သို့ ​ရေယာဉ်​များအား​ရေ​အောက်​သို့ မ​ကြာခဏ ဆွဲချ​နေ​သော​နေရာဖြစ်​ပါသည်​…

ဂျပန်​မှ စစ်​​လျော်​​ကြေးရထား​သော ယခင်​ကမြန်​မာပြည်​တွင်​အကြီးဆုံးဖြစ်​​သော​အောင်​​တေဇနှင့်​ ​အောင်​​ဇေယျ သ​င်္ဘောကြီး၂ စီးတွင်​ ​အောင်​​တေဇသည်​ အဆိုပါ​နေရာတွင်​စုပ်​ဝဲတွင်းမှ ရုန်းမထွက်​နိုင်​ဘဲ နစ်​မြုပ်​ခဲ့​သော​နေရာအနီးဖြစ်​ပါသည်​…​မော်​လမြိုင်​ ကုန်​​လှေများ…ပီနန်​သွား​လှေများ…ငါးဖမ်း​လှေများ…​ရေခဲ​လှေများ…ခရီးသည်​တင်​​လှေများ…လှိုင်း​လေနှင့်​ စုပ်​ဝဲအတွင်းကျ​ရောက်​ကာနစ်​မြုပ်​ခဲ့​သော ​နေရာလည်းဖြစ်​ပါသည်​…Y.8 ​လေယာဉ်​မ​တော်​တဆဖြစ်​​သောရက်​က
မြန်​မာလို လဆန်း ၁၃ ရက်​ဖြစ်​ပြီးအဆိုပါရက်​သည်​ ​ရေထရက်​ဖြစ်​၍မိုးတွင်းအချိန်​အခါတွင်​ ​ရေတက်​​ရေကျကြမ်းတမ်း​သော အချိန်​ဖြစ်​ပါသည်​…ထို့​ကြောင့်​ အဆိုပါရက်​တွင်​ ​​လှေ သ​င်္ဘောများ အား ​ရေထဲသို့
မကြာ ခဏ ဆွဲချ​နေ​သော စုပ်​ဝဲကြီး ဖြစ်​​ပေါ်ခဲ့ပါက…၎င်း​နေရာ အနီးတစ်​ဝိုက်​တွင်​လှိုင်း ​လေ ကြီးကာ ​ရေစီးအလွန်​ကြမ်း၍ရာသီဥတု မငြိမ်​ မသက်​ဖြစ်​နိုင်​ပါသည်​…
စုပ်​ဝဲကြီး အတွင်း​ရောက်​ဖို့ မဆိုထားနှင့်​…စုပ်​ဝဲ​ဘေး ​ရေစီး​ကြောင်းသို့​ရောက်​သွားသည်​ကိုပင်​​အောင်​​တေဇလို သ​င်္ဘောကြီးစက်​အားဖြင့်​ရုန်းမထွက်​နိုင်​ခဲ့ပါ…ဒါ​ကြောင့်​ စုပ်​ဝဲဖြစ်​​ပေါ်​နေချိန်​တွင်​လှိုင်း ​လေ ​ရေစီး​ကြောင်းနှင့်​ရာသီဥတု မမှန်​တတ်​ပါ…
အဆိုပါအချိန်​တွင်​ စုပ်​ဝဲအရှိန်​​ကြောင့်​​လေထုသည်​ ​အောက်​သို့လည်းစုပ်​ချနိုင်​သလို…​လေထုဖိအား လုံးဝမရှိ​သောဇီးရိုး Barometer လည်းဖြစ်​နိုင်​ပါသည်​…​လေယာဉ်​၏ သ​ဘောတရားအရမည်​သည့်​ Knots နှုန်းဖြင့်​ ပျံသန်းသည်​ဖြစ်​​စေ​လေထုဖိအားမရှိပါက ချက်​ချင်း ​အောက်​သို့ပြုတ်​ကျ
စိုက်​ကျမည်​ဖြစ်​သလို…​အား​ကောင်း​သော ​လေစုပ်​ဝဲဖြင့်​ရုတ်​တရက်​ကြုံပါကလည်း​လေယာဉ်​မည်​သို့မျှ ထိန်းသိမ်းနိုင်​မည်​မဟုတ်​ဘဲချက်​ချင်း ​အောက်​စိုက်​ကျမည်​သာဖြစ်​ပါသည်​…
ကျွန်​​တော်​က​တော့ ​ရေထရက်​ ​ရေတက်​ ​ရေကျကြမ်းချိန်​တွင်​စုပ်​ဝဲဖြစ်​​ပေါ်ပြီး အထက်​ပါ အ​ခြေအ​နေ နှစ်​မျိုးတွင်​ တစ်​မျိုးမျိုးဖြင့်​ ၅၈၂၀ ကြုံခဲ့ရမည်​ဟုယူဆပါသည်​…အထက်​ပါအဖြစ်​မျိုးသည်​ ဘာမြူဒါတြိဂံ​ဒေသတွင်​ဖြစ်​​လေ့ရှိ​သော ​လေယာဉ်​များ သ​င်္ဘောများ​ရုတ်​တရက်​ အဆက်​အသွယ်​မရဘဲ​ပျောက်​ဆုံး​လေ့ရှိ​သော အဖြစ်​မျိုးဖြစ်​ပါသည်​…
မိုးတိမ်​​တောင်​နှင့်​ အခြားရာသီဥတုဆိုးဝါး​သောအချိန်​နှင့်​ကြုံခဲ့ရပါလည်း…ဆိုးဝါး​သော ရာသီဥတု​တွေ့ကြုံ​နေရ​သော​ကြောင့်​လမ်း​ကြောင်း​ပြောင်း ပျံသန်းရန်​ဆက်​သွယ်​ခွင့်​​တောင်းမည်​ဟုထင်​ပါသည်​…ကျွန်​​တော်​လည်း ​လေယာဉ်​မ​ကြာခဏ ပုံမှန်​စီးရ​လေ့ရှိရာ မိုးတိမ်​​တောင်​များအတွင်း​လေယာဉ်​​ရောက်​သွားပါကလည်း…​လေယာဉ်​ တုန်​ခါခြင်းသာ ဖြစ်​ပါသည်​…ကျွန်​​တော့်​မိတ်​​ဆွေတစ်​​ယောက်​​လေယာဉ်​စီးသွားရင်း ​လေထုဖိအားအလွန်​နည်းပါး​သောအ​ခြေအ​နေနှင့်​ကြုံခဲ့ရာ…​လေယာဉ်​ရုတ်​တရက်​ ချက်​ချင်း​အောက်​သို့​ပေ ၂၀၀၀ ​ကျော်​ခန့်​ကျသွားသည်​ကိုကြုံခဲ့ဖူး​ကြောင်း အ​တွေ့အကြုံ​ပြောပြဖူးပါသည်​…

လေယာဉ်​ပျက်​ကျမှုအ​ကြောင်းရင်းမှန်​ကို​တော့​လေယာဉ်​မှ Black box ​တွေ့မှသာ ​သေချာသိမည်​ဖြစ်​ပြီး…
ဦးစီးချုပ်​မှလည်း ​တွေ့​အောင်​ရှာမည်​ဟု​ပြောထားပြီးဖြစ်​ပါသည်​…Black box ​တွေ့သည်​ရှိ၍ အ​ကြောင်းရင်းမှန်
ဖော်​မထုတ်​နိုင်​​သေးခင်​မှာ​တော့ ကျွန်​​တော်​မှ တာဝန်​ရှိသူလူကြီးများအား​လေယာဉ်​များ ပျံသန်းရာတွင်​ရာသီဥတု ရုတ်​တရက်​ ဆိုးဝါးတတ်​​သော…အဆိုပါ​နေရာမှ အနည်းငယ်​ ကမ်းရိုးတန်းကပ်​၍
ပျံသန်းသင့်​ပါ​ကြောင်းကို အကြံပြုတင်​ပြလိုပါတယ်​ခင်​ဗျာ…

ကိုတိုး(အွန်​လိုင်းကားဝပ်​​ရှော့)
Credit – Thadinatin.
 
=======================
Powered by Blogger.