ကြွေးယူပြုံးပြုံး-တောင်းလျှင်မုန်းဆိုသူများအတွက်...အကြွေးပြန်ရစေသော ယတြာ Share ထားသင့်ပါတယ်။ အပြည့်အစုံဖတ်ရန်နှိပ်ပါ။
ကြွေးယူပြုံးပြုံး-တောင်းလျှင်မုန်းဆိုသူများအတွက်...
တစ်နေ့မှာ မိန်းကလေး တစ်ယောက် ကျွန်တော်ရဲ့ ဗေဒင်လက္ခဏာဟောခန်းထဲကို ရောက်လာပြီး ကျွန်တော်ဆီမှာ အကူအညီ လာတောင်းတယ်။ အဓိကကတော့ ကောင်းလေးတစ်ယောက်ကိုသူ ထုပ်ချေးထားတဲ့ ငွေသိန်း ၅၀ ကို ပြန်တောင်းလို့ မရလို့တဲ့. ပိုဆိုးတာက အိမ်လည်း အမြဲလာနေတဲ့သူ ရင်းနှီးလို့ဆိုပြီး ဘာစာချုပ်မှတောင် မချုပ်ဘဲ ချေးလိုက်တာတဲ့။ တောင်းတိုင်းတောင်တိုင်း နေ့ရွေညရွှေ့ ရွှေလာတယ်တဲ့။ နောက်ပြီး သူ့ဆီကို အရင်တုန်းကလိုလဲ မလာတော့ဘူးတဲ့။ အဲဒါ သူပေးထားတဲ့ ငွေတွေ အမြန်ပြန်တောင်းလို့ ရအောင် ကူညီပေးပါလို့ ယတြာ လာတောင်းတယ်။
အဲဒီတော့ ကျွန်တော်က ဒီလောက်များတဲ့ ငွေတွေကို ဘာလို့ အခြေအမြစ်မရှိပဲ ထုပ်ပေးလိုက်ရ တာလဲလို့ မေးလိုက်တော့ ကျွန်မ မုန့်ဆီကြော်ကဘယ်နေမှန်းမသိဘဲ နှုတ်ခမ်းနာနဲ့ တည့်မတည့်တွေးနေမိလို့ပါတဲ့.. အော်ဒီလိုဆိုတော့လည်း သူမကို အပြစ်တင်လို့မရဘူးလေ။အဲဒါနဲ့ ထိုမိန်းကလေးကိုအောက်က ဖော်ပြပေးထားတဲ့ ယတြာကို လုပ်ခိုင်းလိုက်တယ်။ ကောင်မလေးလည်း လုပ်ပါတယ်။ နောက်ဆုံးပြောချင်တာ ပြန်ရသွားတယ်။ ဒါပေမယ့် ကောင်လေးက ပြန်ပေးတာတော့ မဟုတ်ဘူး။ ကောင်လေးလက်ထပ်မယ့် ကောင်မလေးက ပြန်လာပေးသွားတာတဲ့။
ပေးထားသောငွေများအမြန်ပြန်ရစေသောယတြာ
ကြက်လျှာရောင်စုံ (၆)လက်မှာ (အမည်ထည့်ပါ) ငွေလာပေးစေ .... လို့ ရေးရမယ်။ ပြီးရင် ခရင်းမှာ ပူးချဉ်လိုက်ပါ။ ပြီးရင် ဖန်ခွက်တစ်ခွက်ထဲမှာ ထည့်ပြီး ဘုရားစင်ပေါ်တင်ပြီး ဆုတောင်းပါ။
အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Copy🎁🎁🎁