ငါးထောင်တန်၊ တစ်သောင်းတန်လည်း ဒေါ်လာလို ဂရုစိုက် ကိုင်တွယ်နေရ အပြည့်အစုံဖတ်ရန်နှိပ်ပါ။
ငါးထောင်တန်၊ တစ်သောင်းတန်လည်း ဒေါ်လာလို ဂရုစိုက် ကိုင်တွယ်နေရ
------------------
အတန်ကြီးငွေမှာ နွမ်းတာတွေ၊ ပေနေတာတွေရှိနေရင် ငွေကောင်တာထိုင်တဲ့သူကို လျော်ခိုင်းတာမျိုးရှိပါတယ်။
ရန်ကုန်၊ ဇွန် ၁၄ - ရှော့ပင်းစင်တာအစ ရပ်ကွက်ဈေးဆိုင်အဆုံး ငွေစက္ကူအတန်ကြီးတွေပေါ်မှာ အနည်းငယ်အစွန်းထင်းလေး ပေရင်တောင်မယူတော့တဲ့ပြဿနာက ကြီးမားလာပါတယ်။ ကျပ် ၅၀ဝ၀၊ ကျပ် ၁၀,ဝ၀ဝ တန်တွေကို ဒေါ်လာလိုအစွန်းအထင်း မရှိအောင် ကိုင်ဆောင်နေရတာကအ ခြေခံလူတန်းစားတွေအတွက် တော့ အခက်အခဲကြီးတစ်ခုလိုပါပဲ။
ပန်းရန်သမ ဒေါ်ခိုင်ဝါက မနက်က လမ်းထိပ်က မုန့်ဟင်းခါးဆိုင်မှာ သွားဝယ်တော့အကြွေမရှိလို့ ၅၀ဝ၀ တန်ပေးလိုက်တာကိုအစွန်းပါလို့ မယူဘူးဆိုပြီး ပြန်ပေးတယ်၊ ဘာလို့မယူတာလဲဆိုတော့တစ်ဖက် ဒိုင်တွေမှာ ကုန်ပစ္စည်း တွေပြန်ဝယ်ရင်သူတို့ကလဲ မယူဘူး၊ ကျွန်မမှာလဲ တစ်နေ့လုံးအတွက် ဒီ ၅၀ဝ၀ လေးပဲသုံးရမှာ၊ အဲဒီလို မယူတာတစ်နေရာတည်းမဟုတ်ဘူး၊ တခြားနေရာတွေမှာလဲ ဝယ်လို့မရဘူးလို့ ညှိုးနွမ်းတဲ့မျက်နှာနဲ့ပြောပါတယ်။
တစ်ရက်လုပ်မှတစ်ရက်စားရတဲ့ လူတွေအတွက်ကတော့ငွေ ၅၀ဝ၀ ဟာ ထမင်းစ်နပ်စားလို့ရပါတယ်။ သည်လိုငွေပေငွေစွန်းတာကို မယူ တဲ့အပေါ် သူတို့အတွက်ကတော့ ထမင်းတစ်ရက်လုံးငတ်ရမယ့် အနေအထားမျိုးဖြစ် နေပါတယ်။
သည်လိုစွန်းပေတဲ့ ကျပ် ၅၀ဝ၀ တန်၊ ကျပ် ၁၀,ဝ၀ဝ တန်တွေက တစ်ခါတလေ ဘဏ်ထုတ်တွေမှာတောင်ပါလာတတ်ပါတယ်။ ဒါပေမဲ့ ဘဏ်ကိုသွားပြန်အပ်တဲ့အခါမှာတော့ သူတို့ဘက်က လက်မခံဘဲ ပြန်ပေးတာတွေရှိတဲ့အပြင် တစ်ခါတလေ အတုဆိုပြီးတော့ပိုက်ဆံ တွေကို အပေါက်ဖောက်ပစ်တာတွေလည်းရှိနေပါတယ်။
တချို့ဆိုရင် မိသားစုကိုမဖြစ်မနေပိုက်ဆံလွှဲဖို့ ငွေတိုးချေးတဲ့လူ တွေဆီကနေအတိုးများများနဲ့ယူပြီး ဘဏ်ကနေတစ်ဆင့်သွားလွှဲကြပါ တယ်။ ငွေချေးပေးတဲ့သူတွေက ပိုက်ဆံအစုတ်အပြဲတွေ၊ နွမ်းဖတ်နေတဲ့အတန်ကြီးတွေ ပေးရင်လည်း လက်ခံယူခဲ့ရတာတွေရှိပါတယ်။
အဲသည်မှာ ဘဏ်ကိုသွားလွှဲတယ်။ စွန်းနေလို့ဆိုပြီးဘဏ်က မယူဘူး။ တချို့ဘဏ်ဆိုရင်ငွေအတုဆိုပြီး အပေါက်ဖောက်ပစ်လိုက်တော့ အတိုးနဲ့ချေးယူရသူတွေအဖို့ ဒုက္ခဖြစ်ကြရတယ်။
ပြီးခဲ့တဲ့တစ်ပတ်လောက်က ကြက်ကြော်ဆိုင်တစ်ခုမှာ အစွန်းပြတဲ့ ငွေကြောင့် ဝန်ထမ်းနဲ့စားသုံးသူအကြားပြဿနာဖြစ်ခဲ့ပါသေးတယ်။ စားသုံးသူပေးတဲ့ပိုက်ဆံမှာ အဝါရောင်အစက်လေးစွန်းနေတာကြောင့် အရောင်းဝန်ထမ်းက မယူလို့ပါ။
ဝန်ထမ်းဘက်က ကြည့်ရင်လည်းအထက်မှာသူတို့အပ်ရတဲ့အတန် ကြီးငွေမှာနွမ်းတာတွေ၊ ပေနေတာတွေရှိနေရင် ငွေကောင်တာထိုင် တဲ့သူကိုလျော်ခိုင်းတာမျိုးရှိတာကြောင့်လို့ အရောင်းဝန်ထမ်းတစ်ဦးရဲ့ ပြောပြချက်အရသိရ ပါတယ်။
အဲသည်လိုဝန်ထမ်းတွေကို လျော်ခိုင်းတာကအရောင်းစင်တာအချို့၊ ကုန်တိုက်ကြီးအချို့မှာလည်းရှိတယ်လို့ သိရပါတယ်။ အရင်ကဆိုရင်ငွေစက္ကူအတန်ကြီးတွေပေနေရင်လည်း သုံးစွဲလို့ ရပေမဲ့ ငွေအတုပေါ်လာပြီးတဲ့ နောက်ပိုင်းမှာအစွန်းထင်းပါပြီး ဟောင်းနေတယ်ဆိုရင် လက်မခံချင်ကြတော့ဘူး။
ငွေတိုးချေးစားသူ ဒေါ်ခင်ဦးက အတန်ကြီးတွေကိုင်ရမှာတောင် ကြောက်လာပြီ၊ အဲဒါကြောင့်ရှိတဲ့ ပိုက်ဆံတွေ ၁၀ဝ၀ တန်တွေနဲ့လဲ ပစ်လိုက်တယ်၊ နောက်ပိုင်းတွေဆို ၅၀ဝ၀ တန်တောင်သိပ်မယူချင် တာ့ဘူးလို့ ပြောပါတယ်။
အေတီအမ်စက်အချို့ကထုတ်တဲ့ ပိုက်ဆံအရွက်တွေမှာလည်း ၁၀ဝ၀ တန်အစ ၁၀,ဝ၀ဝ တန်အဆုံးအပေါက်တွေ၊ အပြဲတွေ၊ အစွန်းထင်းတွေနဲ့ ငွေစက္ကူ တွေ ညှပ်ညှပ်ပါလာတတ်ပါတယ်။ ဖြစ်လာတဲ့အကျိုးဆက်ကတော့ကိုယ်တိုင်လည်းသုံးလို့မရ၊ ဘဏ်ကို ပြန်အပ်ရင်လည်းဘဏ်က လက်မခံ၊ စက်ထဲပြန်ထိုးထည့်လို့လည်း မရပါဘူး။
စွန်းပေတဲ့ငွေစက္ကူကိုမယူတဲ့ ပြဿနာကအခြေခံလူတန်းစားအပြင် လူလတ်တန်းစားနဲ့ လူကုံတန်တွေအတွက်ပါခေါင်းရှုပ်စေတဲ့ကိစ္စ ရပ်ဖြစ်နေပါတယ်။ အဓိကကတော့ ဝန်ထမ်းတွေနဲ့နေ့စားအလုပ်သမားတွေအတွက် နစ်နာမှု အများကြီးရှိပါတယ်။
အဓိကကတော့ ငွေစက္ကူအတုတွေထွက်တာကိုထိန်းချုပ်နိုင် မယ်ဆိုရင် နည်းနည်းလေးစွန်းနေတယ်ဆိုရင်လဲ အစစ်ဆိုယူကြမှာပဲ၊ အဲဒီလိုဆိုရင် အလွှာအသီးသီးမှာဖြစ်နေတဲ့ပြဿနာလဲလျော့သွားမယ်၊ဘဏ်တွေမှာ အပေါက် ဖောက်တဲ့ကိစ္စလဲ နည်းသွားမယ်၊ အ ဘက်ဘက်က အဆင်ပြေသွားနိုင်တယ်လို့ ငွေလဲကောင်တာတစ်ခုက ဦးခင်မောင်က အကြံပြုပါတယ်။ သည်လိုစွန်းထင်းနေတဲ့ ငွေတွေကိုအစိုးရအနေနဲ့ ဘာအစားထိုး နည်းလမ်းမှလုပ် ဆောင်မပေးဘူးလားဆိုတာ အခြေခံလူတန်းစား တွေအတွက် မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
Author – မေဘယ်လ်၊လိမ္မာ