အမျိုးသားတွေအနေနဲ့ လူတစ်ယောက်ကို ချစ်မိသွားပြီဆိုတာ ဒီလိုသိနိုင်တယ် . အပြည့်အစုံကြည့်ရန် နှိပ်ပါ။

အချစ်ဆိုတာ ရှုပ်ထွေးတဲ့အရာတစ်ခုပါ။ မြင်မြင်ချင်းလည်းချစ်သွားနိုင်သလို အမြဲတမ်းအတူရှိနေပေမယ့်လည်း အချစ်ဖြစ်ချင်မှဖြစ်တတ်ပါတယ်။ တခါတလေ ချစ်တယ်လို့ ထင်ရပေမယ့် အချစ်မဟုတ်ပြန်ဘူး။ တခါတလေတော့လည်း မချစ်ဘူးလို့ အားတင်းထားပေမယ့် နေလို့မရပြန်ဘူး။ ဒါ့ကြောင့် အချစ်ကို အမျိုးမျိုးဘာသာပြန်ဆိုမနေတော့ဘဲ ကိုယ့်အယူအဆနဲ့ကိုယ် အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုလာကြပါတယ်။ ယောင်္ကျားလေးတစ်ယောက်အနေနဲ့ကော ကိုယ်ကောင်မလေးတစ်ယောက်ကို လုံးဝ ချစ်မိသွားပြီဆိုတာ ဘယ်လိုသိနိုင်မလဲ။။ ။၁။ သူ့ချစ်သူဘာပဲဖြစ်နေနေ ချစ်တယ်။ သင့်ချစ်သူ ၀င်ငွေကောင်းတာ၊ လှတာ၊ စတိုင်လ်ကျတာကိုမဟုတ်ဘဲ သူ့ရဲ့ အရှိအတိုင်းကို သင်ချစ်မိနေတယ်ဆိုရင် သင်ဟာ သင့်ချစ်သူကို ချစ်နေပါပြီ။။ ။၂။ သင့်ချစ်သူကို သင်ကာကွယ်ချင်တယ်။။ ။အမျိုးသားတွေဟာ လူတစ်ယောက်ကို တကယ်ချစ်မိသွားပြီဆိုရင် သူ့ကို အရာရာကာကွယ်ပေးချင်လာပါတယ်။ အပြင်ပိုင်း ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း ကာကွယ်ပေးချင်လာပါတယ်။ သူ့ချစ်သူကို လုံခြုံစေချင်တယ်။ ဒါဆို သင်သူ့ကို တကယ်ချစ်မိနေပါပြီ။။ ။၃။ သူ့ရဲ့ ထင်မြင်ယူဆချက်တွေကို သိချင်တယ်။။ ။သင့်ချစ်သူ ဘယ်လိုတွေးနေတယ်။ သူ့ရဲ့ အယူအဆ ဘယ်လိုရှိတယ်ဆိုတာကို သင်စိတ်ဝင်တာတယ်။ သိချင်တယ်ဆိုရင် သင်သူ့ကို ချစ်မိနေပါပြီ။ သူ့ရဲ့ ဘာသာရေးကအစ၊ လူမှုရေးရှုမြင်မှုတွေကအဆုံး၊ သူကြိုက်နှစ်သက်တဲ့အရာတွေကအစ စိတ်ဝင်စားနေပြီဆိုရင် သင်သူ့ကို တကယ်ချစ်မိနေပါပြီ။
၎။ သူလိုအပ်တဲ့အကူအညီတွေကို ပေးချင်နေတယ်။။ ။သူ့မှာ ဘယ်လိုအခက်အခဲရှိတယ်။ ဘာတွေလိုအပ်ချက်တွေရှိနေတယ်ဆိုတာကိ သင်သိချင်နေတယ်။ စိတ်ဝင်စားတယ်။ အကူအညီပေးချင်တယ်။ ခြေရှင်းပေးချင်တယ်ဆိုရင် သင်သူ့ကို တကယ်ချစ်မိနေပါပြီ။။ ။၅။ သူ့ကို စိတ်ချမ်းသာအောင်ထားဖို့ ယုံကြည်မှုရှိတယ်။။ ။ချစ်သူဖြစ်တာကြာလာတာနဲ့အမျှ သူတခါတလေ သင့်နားမှာမနေဘဲ တခြားသူတွေနဲ့ အတူတူသွားလာတာတွေကို သင်နားလည်ပေးနိုင်လာတယ်။ သူစိတ်ချမ်းသာဖို့ဆိုရင် ဘာမဆိုဖြည့်ဆည်းပေးချင်လာတယ်ဆိုရင် သင်သူ့ကို တကယ်ချစ်မိနေပါပြီ။
===========
MyStyle Myanmar
===========
Powered by Blogger.