အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေးရဲ့ ရင်နင့်စရာဖြစ်ရပ် . အပြည့်အစုံကြည့်ရန် နှိပ်ပါ။

ရန်ကုန် (ကလေးဆေးရုံကြီး ) မှ တာဝန်ကျဆရာဝန် ဆရာဝန်မများရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့် မသေသင့်ပဲသေခဲ့ရတဲ့ အသက် (၉) နှစ်အရွယ် သုံးတန်းကျောင်းသူလေး မအိမြတ်မွန်
=================================================
(၇ - ၁ -၂၀၁၆) ရက်နေ့ တွင် အသက် (၉) နှစ်အရွယ်
သုံးတန်းကျောင်းသူလေး မအိမြတ်မွန်ဟာ ချွဲ ကြပ်ပြီး အသက်ရှူမဝ
ဟုဆိုသဖြင့် ရန်ကုန်ကလေး ဆေးရုံကြီးသို့  တတ်ရောက်ကုသခဲ့သည် ။
မိဘနှစ်ပါးမှာ လှည်းကူးမြို့ ပျင်ထောင်စု ရပ်ကွက် ကျွန်းကလေးကျေးရွာ
မှာ နေထိုက်ကြပါတယ် ။ ကလေး ဆေးရုံကြီးမှာ တတ်ရောက်စဉ်ကာလ
အတွင်း ကလေးဘာဖြစ်တယ် ဘာရောဂါ ဆိုတာကို
မိဘများကမေးသော်လည်း ဆရာဝန် များမှ ဘာရောဂါဖြစ်သည်ဆိုတာကို
မပြော ခဲ့ပေ ၊ မိဘများမှ စိတ်ပူပြီး ဆရာဝန်မ
များကို မေးသည့်အခါတွင် တော့်ကလေး က အချိန်မရွေးသေးမှာဟု
သာ ဖြေကြားသည်ဟု မိဘများကဆိုသည်။(၇ - ၂ -၂၀၁၆) (၇)ရက်နေ့ ည (၈)နာရီ
အချိန်တွင် ကလေးမှာ နေမထိထိုင်မသာဖြစ်ပြီး
လူးလိမ့်ရာမှ ဆေးသွင်းထားတဲ့ပိုက်တွေ အကုန်ပြုတ်ကုန်လို့ 
ဆရာမများကိုသွားခေါ်ပြရာမှ ဆရာမများရောက်လာပြီ
ဘာမှမဖြစ်ပါဘူးဟုဆိုကာ ပိုက်ပြန်တတ်ပြီး ပြန်ထွက်သွားသည်ဟုဆိုသည် ။
ဆရာမများ ထွက်သား ပြီးမကြာခင်မှာပင် ကလေးမှာ
အသက်ဆုံးသွားသည်ဟု မိဘများကဆိုသည် ။(၈ -၂ -၂၀၁၆) (၈)ရက်နေ့ မနက်
(၈)နာရီလောက်တွင် အလောင်းကိုသယ်ရန် အတွက် မိဘဖြစ်သူများမှ
ဆရာမတို့ ဘယ်လိုအကူအညီပေးနိုင်မလဲဟုမေးသောအခါ ၊ ဆရာမများမှ
ဒီမှာထားခဲ့မလား သယ်မလားဟုမေးသည်
။ နေရပ်ကိုပဲပြန်သယ်ချင်ပါတယ်ဟု မိဘများက ပြောသောအခါ
ဒါဆိုလက်မှတ်ထိုးဟု ဆရာမက လတ်မှတ်ထိုးခိုင်းပါတယ်
။ နောက်ပြီးဆရာမက ရှေ့ အပေါက်က မထွက်နဲ့  ဟုဆိုကာ
အရေးပေါ်လူနာများသယ်ဆောင်သည့် နောက် ဘက်အပေါက်မှ
ထွက်ခိုင်းသည်ဟု ဆိုသည်။ လူနာမှတ်တမ်း ဆေးစာအုပ် ဘာတခုမှ
လူနာမိဘများထံကို ပြန်မပေးလိုက်ပါ ။
(၈)ရက်နေ့ နေ လည် (၂ )နာရီလောက်တွင် မိဘများရှိရာနေအိမ်
လှည်းကူးသို့  နယ်မှ ဆရာဝန် ဆရာမများရောက်လာပြီး
ဒီလူနာကို ဆေးရုံကဆရာဝန်က မဆင်းခိုင်းပဲ
ကိုယ်သဘောနဲ့ ဆင်းသွားတယ်လို့  အထက်က အကြောင်းကြားလို
လာတာပါဟုဆိုကာ လူနာမိဘများကို ပြောပြီးလူနာ
အချေအနေသက်သာလားဟုမေးသည် ။ မိဘများမှ
ဆရာဝန်မှ သေပြီပြောသဖြင့်
လတ်မှထိုးပြီးဆင်းလာခဲ့တဲ့အကြောင်း ပြန်ပြောပြသည် ။ဆရာဝန်များမှ
အလောင်းကိုဓာတ်ပုံရိုက်ပြီး ယူသွားသည်ဟု မိဘများက ပြောသည် ။
ယခု မအိမြတ်မွန်၏အလောင်းခန္ဓာကိုယ်မှ
အမည်းကွက်များ နေရာအနှံ့ ပေါ်ထွက်နေသည်ဟုသိရပါသည်။
မိဘများမှ ရိုးသားလွန်းတဲ့အတွက် ဘာမှ မသိနားမလည်ကြပါဘူး
(၉)နှစ်သမီးလေးသာရှိသေးတဲ့ သုံးတန်းကျောင်းသူ မအိမြတ်မွန်းအတွက်
မိဘများမှာ စိတ်မကောင်းဝမ်းနည်းယုံမှတပါး အခြားမရှိဖြစ်နေပါသည် ။
တာဝန်ရှိကြတဲ့ ဌာနဆိုင်ရာလူကြီးများ ကလေးဆေးရုံးကြီးမှာ
တာဝန်ထမ်းဆောင်နေကြတဲ့ အခုလို့ လူမဆန်တဲ့
သားသမီးချင်းကိုယ်ချင်းမစာတဲ့ ဆရာဝန် ယုတ်တွေကို
စစ်ဆေးအရေးယူပေးကြပါလို့ တောင်းဆိုပါတယ်ခင်ဗျာ ။
ကောင်းထက်Media
#Edkza
Powered by Blogger.