ရန်ကုန်မြို့တွင် တွေ့ရသည့် အလှူခံအဖွဲ့တစ်ဖွဲ့။မြန်မာတစ်နိုင်ငံလုံးက အယောင်ဆောင်အလှူခံတွေကို ရှောင်တခင် စစ်ဆေးအရေးယူသွားတော့မယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မေလ ၃၀ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာ အဖွဲ့တွေ၊ မဏ္ဍပ်တွေနဲ့ အကြောင်းအမျိုးမျိုးနဲ့ အလှူခံနေတာကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးတွေက အကြောင်းကြား သြဝါဒပြုလာတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အလှူခံတွေက မြို့နယ် သံဃနာယကအဖွဲ့ရဲ့ထောက်ခံချက်နဲ့ အလှူခံနေပေမယ့် တချို့အလှူခံတွေက ထောက်ခံချက် မိတ္တူတွေနဲ့ အလှူခံတာတွေ၊ ကော်မရှင်ခ ရယူဆောင်ရွက်တာတွေ အစရှိတဲ့ အယောင်ဆောင်အလှူခံတွေရှိနေတယ်လို့ ဆိုပါတယ်။ ဒီလိုမသင့်လျှော်တဲ့ အလှူခံတွေကြောင့် ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးစံနဲ့ ပုံရိပ်ကိုထိခိုက်စေတာကို စိစစ်တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။အယောင်ဆောင်အလှူခံတာတွေကို သက်ဆိုင်ရာမြို့နယ် သံဃနာယကအဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရှောင်တခင် စစ်ဆေးအရေးယူမယ်လို့ သာသနာရေးဦးစီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။Source : 7DayDailyPhoto : Nway Oo Mg
Credit: Duwun
အယောင်ဆောင် အလှူခံ တွေကို စစ်ဆေးအရေးယူမယ် . အပြည့်အစုံ ကြည့်ရန်နှိပ်ပါ
Reviewed by
on
June 02, 2017
Rating:
5