အ.ထ.က(ရေဆင်း) မှာ မုဒိန်းကောင်ဝင်ထွက်သွားလာနေတာ ၃ ခါရှိပြီဗျာ..။ စာသင်ခန်းအတွင်းမှာပင်...ပေါင်ပေါ်ပွေ့တင်ပြီး ပါလာတဲ့ ဖုန်းထဲမှ>>> . အပြည့်အစုံကြည့်ရန် နှိပ်ပါ။

အ.ထ.က(ရေဆင်း) မှာ မုဒိန်းကောင်ဝင်ထွက်သွားလာနေတာ ၃ ခါရှိပြီဗျာ

ကျောင်းဖွင့်တာ မှ ၇ရက်ရှိပါသေးတယ်

ပထမတစ်ခါ....
ဇွန်လ ၂ရက် သောကြာနေ့ (ကျောင်းဖွင့်ပြီးလို့ ဒုတိယမြောက်ရက်)မှာ
ကျောင်းဂိတ်ပေါက်ကနေဝင်လာတယ်
ဝင်လာပြီး....
ဒုတိယတန်းမှ
အသက်၈နှစ်အရွယ် စိုက်ပျိုးရေးသုတေသနမှာ နေတဲ့
မ(....) ကို စာသင်ခန်းအတွင်းမှာပင်...
ပေါင်ပေါ်ပွေ့တင်ပြီး ပါလာတဲ့ ဖုန်းထဲမှ
ညစ်ညမ်း video တွေပြပြီး
ကျောင်းသူငယ်လေးရဲ့
ခန္ဓာ ကိုယ်အောက်ပိုင်းကို ပွတ်သပ်တယ် ဆုပ်နယ်တယ်ဗျာ...
အဲ့တာကို တာဝန်ကျ ဆရာမလည်းမသိဘူး
ရှိလည်းမရှိဘူး...
(နောက်မှပြန်သိရတာ)

ကျောင်းဆင်းလို့ အိမ်ပြန်တော့အိမ်ကမိဘသိသွားတယ်
သိပြီးပြီး ချင်း သောကြာနေ့ညမှာပဲအတန်းပိုင်ဆရာမကို ဖုန်းဆက်တိုင်တယ်
(စနေတနင်္ဂနွေကုန်သွားပြီး)
နောက်အပတ်ရောက်တော့ ကျောင်းအုပ်ကြီး က
အဲ့သတင်းကြားပြီး
နေ့လည်ထမင်းစားဆင်းချိန်မှာ အဆောင်ကို စောင့်ဖို့ ဆရာ/ဆရာမ တွေကို Duty ချပေးတယ်

ဂိတ် duty ကို လည်း သတိထား စောင့်ဖို့ ပြောတယ်

ဒါပေမယ့်
၉ရက်နေ့ သောကြာ နေ့မှာ
အဲ့ဂိတ်ပေါက်ကနေပဲ မုဒိန်းကောင် ထပ်ဝင်လာတယ်
ဂိတ်စောင့်ဆရာမကိုလည်း သူ့ကိုယ်သူကျော်ထူးပါလို့အမည်ခံပြီး လက်မှတ်ထိုးတယ်
ဒါပေမယ့်
ဘာလို့ ကျောင်းထဲဝင်ရလဲ ဆိုတဲ့ အကြောင်းပြချက်နေရာမှာ ကွက်လပ်ထားခဲ့တယ်
အကြောင်းပြချက်မပေးဘဲ ဝင်ခွင့်ပေးတယ်
ဘယ်လိုဆရာမလဲ?

အဲ့ ဂိတ်တာဝန်ကျ ဆရာမရှေ့မှာကိုပဲ
ဖြူး နေတဲ့ ကျောင်းလမ်းမကြီးတစ်လျှောက်တက်သွားတယ်
ကျောင်း ရုံးခန်းဘေးကနေလည်းဖြတ်တယ်
ဟိုး ထိပ်ဆုံးအဆောင်မှာ ရှိတဲ့ KG အတန်းထိကို တက်သွားတယ်
(ဘယ်သူမှ ဂရုမစိုက်မိဘူး)

အတန်းထဲရောက်တော့...မုဒိန်းကောင်တို့ထုံးစံအတိုင်း
၅ နှစ်အရွယ်ပဲရှိသေးတဲ့ ကလေးမလေး ၃ယောက်ကို
ပေါင်ပေါ် ပွေ့တင်ပြီး ဖက်လှဲတကင်း ပြောတယ်
ပါးတွေကို နမ်းသွားတယ်
ဘယ်မှာလဲ ဆရာ/ဆရာမ!???

ကလေးတွေက လူစိမ်းဝင်နေတာသိတော့
အုပ်အုပ်ကျက်ကျက်ဖြစ်ကုန်တယ်

အစောင့်ဆရာ/ဆရာမများနဲ့ ကျောင်းသားကြီးတွေက
ဝိုင်းဖမ်းမယ်လုပ်တော့
အနောက်ဘက်အုတ်တံတိုင်းကနေကျော်ပြေးသွားတယ်

အဲ့နေ့တစ်ရက်တည်းမှာပဲ တတိယမြောက်အနေနဲ့ ထပ်ဝင်ဖို့လုပ်တယ်

အချိန် က ကျောင်းသန့်ရှင်းရေး လုပ်နေတဲ့ ၇အချိန်
အဲ့ အုတ်တံတိုင်းက နေပဲ ထပ်ကျော်ဝင်ဖို့လုပ်တယ်
ဝင်ဖို့အားထုတ်နေတုန်း ကလေးတွေကတွေ့တော့
ဗလောင်းဗလဲ အော်ဟစ်ကြတယ်
အဲ့ကျမှ အခြေအနေမဟန်ဘူးဆိုတာသိတော့ ခုန်ချထွက်ပြေးသွားတယ်

အ.ထ.က (ရေဆင်း) ထက်ပိုဆိုးတဲ့ အဖြစ်က
မွေး/ဆေး မူလတန်းကျောင်းလေးမှာဖြစ်သွားတယ်

မူလတန်းကျောင်းသူလေးကို မုဒိန်းမှု ဖြစ်
(ဒါမှမဟုတ်) ဖြစ်လုနိပါး ၂ကြိမ်ကို ကျူးလွန်သွားတယ်
ဘယ်မှာလဲ ဆရာ/ဆရာမ?!!!

နေပြည်တော်ကောင်စီ ဇေယာသီရိမြို့နယ်မှာ
လူမမယ်စာမမြောက် ကလေးငယ်လေးတွေရဲ့ဘဝက
ကျောင်းမှာ လုံခြုံမှုမရှိဖြစ်နေတာ တကယ်ကိုရင်လေးစရာကောင်းတယ်
သက်ဆိုင်ရာ ကျောင်းအုပ်ကြီး ရဲ့ ထိရောက်တဲ့
လှုပ်ရှားမှုတော့လိုနေပြီ
တကယ်ကိုလိုနေပြီ

မုဒိန်းကောင်ပုံစံက
အသက် ၄၀ကျော်
အသားညိုညိုဖြစ်ပြီး

မှုခင်းဖြစ်တုန်း ဝတ်စားထားတာကတော့
ဘောင်းဘီ 3 ကွာတား အဝါရင့်ရောင်
Sport shirt အဝါရောင်ဖျော့ဖျော့
လျှာထိုး အုပ်ထုပ် ဆောင်း ထားတယ်

ဖြစ်တိုင်း အဲ့ အဝတ်အစားနဲ့ပဲ

အဲ့တာတစ်ချက်လောက်ကူညီပြီး share ပေးချင်လည်း share ပေး
ပိုစ့်အသစ်တင်ရင်လည်းတင်ပေးပါ
ကလေးမလေးတွေ လူမှန်းတောင်မသိသေးဘူး
ဘဝပျက်ရမယ့်ကိန်းပါ

တချို့သတင်းတွေထိန်းထားကြတယ်
နာမည်ပျက်မှာစိုးလို့

မရဘူးအဲ့တာဖြေရှင်းနည်းမဟုတ်ဘူး
တချို့ဟာတွေက လူတွေသိအောင် ဖွပေးမှ
အကျိုးရှိတာပါ

#ကျမလည်းမလာတာ
ဒါမျိုးတွေတားကြပါလို့ ။

via Kaung MyatThu
Powered by Blogger.