နောင်မွေးလာမည့်မိခင် နှင့်ရင်သွေး သတိပြုရန်အတွက် ကျွန်မ၏ ရင်နင့်ဖွယ် အ တွေ့အကြုံ အပြည့်အစုံဖတ်ရန်နှိပ်ပါ။
နောင်မွေးလာမည့်မိခင် နှင့်ရင်သွေး သတိပြုရန်အတွက်ကျွန်မ၏ရင် နင့်ဖွယ် အ တွေ့အကြုံကို share လိုက်ပါတယ် ကျွန်မတွင် သမီးလေး တစ်ယောက် ရိုပါတယ် သူ့ကိုဗိုက်ခွဲပြီး ပင် လုံဆေးရုံ မုာမွေးခဲ့ပါတယ် နောက် ထပ်ကိုယ် ဝန် ရလာတဲ့အခါ သမီးကိုမွေးပေးတဲ့ OG prof ဒေါ် ခင် သိန်းဦး က ပင် လုံဆေးရုံမုာ မထိုင် တဲ့အတွက် ဝိတိုရိယ ဆေးရုံမုာ ကိုယ်ဝန်ကိုအပ်နှံပြီး လစဉ်ချိန်းတဲ့အခါတိုင်း မှန် မှန်ပြပြီး ကိုယ်ဝန်ကို ဂရုတစိုက်စောင့်ရေုာက်ခဲ့ပါ တယ် ကိုယ်ဝန်၆လမှာသားလေးဆိုတာသိလို့အတိုင်းမသိပျော်ရွှင် ရပါတယ်OGကိုယုံကြည်စွာနဲ့သားလေးကိုအပ်နှံခဲ့တယ်ကျွန်မကို11လပိုင်6းရက်မှာdue dateပေးပြီးခွဲ မွေးဖို့ဆုံးဖြတ်ခဲံတယ်ကျွန်မသူ့ကိုဆေးခန်း ပြပြီးပြန်လာတဲ့ညမှာပဲဗိုက်နာလာခဲ့တယ်ည၁နာရီခွဲကနာတာဝိတိုရိယရဲ့အ ရေးပေါ်ကို၂နာရီခွဲမှာရောက်တယ်
မနက်၆နာ ရီမှာအခန်း၂၁၆ကိုရွှေ့ပြီးOGက၆ခွဲ မှာ OG ရောက်လာ ပြီး သားကိုခွဲမွေး ရင် လမ စေ့တဲ့အတွက်အသက်မရှင်နှိင် ဘူးလို့ပြောပါတယ် သားအသက် ရှင် ဖို့ရိုးရိုးမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် OG ကကျွန်မကိုပစ်ထားခဲ့ပြီး တခြားမုာခွဲ ဖို့ဆိုပြီးထွက်သွား ခဲ့တယ် ၁၂နာရီ မှာပြန်လာမယ်လို့ပြောသွားခဲ့တယ် ကျွန်မလဲ သားလေး အသက် ရဖို့ဗိုက် အနာခံပြီး ညှစ်မွေးနေချိန်မှာ ဒေါ်ချယ် ရီလင်း ကမညှစ်နဲ့Prof ဒေါ်ခင် သိန်းဦးက ၁၂ မှလာမှာ ဒီလောက်နာရုံလောက်နဲ့မ မွေးနိုင် သေးဘူးလို့ပြောတယ် ကျွန်မရဲ့အ မေကိုလည်းရှင် က လေးမ မွေးဘူးဘူးးလို့ဟိန်းဟောက်တယ် မွေးခန်း ထဲမှာအ စောကြီးဝင်နေလို့မရဘူးပြောတယ် ကျွန်မကိုပေါင် ကိုစေ့ခိုင်းပြီးခြေ ထောက် နှစ်ချောင်းကို ချုပ်ထားပါတယ်
မ မွေးနဲ့အံုးဆိုပြီးပြောတယ် ကျွန်မကိုမွေးခန်းကိုမပို့ဘဲ OG လာချိန် ၁၂ နာရီအထိကိုစောင့်ခိုင်း ပါတယ် ကျွန်မ မခံနှိင် တဲ့အဆုံးက လေးလည်းခေါင်းထွက်နေတဲ့အချိန်မွေးခန်းကို အတင်းအော်ဟစ်ပြီး ပို့ခိုင်းတော့မှ ကျွန်မကိုခေါ်သွားတယ်ဓါတ် လှေကား ထဲမှာလည်း အားလုံးကမ မွေးနဲ့အုံးဟု အော်ဟစ် ကာခြေ ထောက်ကို ချုပ်ထားကြတယ်နောက်ဆုံးမွေးခန်းကိုရောက်တော့အခန်းအဆင် သင့်မဖြစ်သေးလို့ဆိုပြီးအပြင် မှာစောင့်ခိုင်းပြန်ပါတယ်ကျွန်မလည်းမရ တော့ဘူးဆိုပြီးညှစ်တော့မွေးစင်ပေါ်မ ရောက်ခင် သားကိုမွေးသွားပါတယ် သားလေးဟာ ရေမွှာပေါက်ပြီးမွေးချိန် ကြာမြင့်သွားတဲ့အတွက်ရေမွှာမွန်းပြီး အဆုတ် ထဲကိုရေ တွေရောက်သွားပါ တယ် အသက်ကောင်းကောင်း မရှုနှိင် တော့ပါဘူး
အဲ့ဒီအချိန်မှာကပ်ကြေး တောင် အဆင် သင့်မရိုဘဲ ချက်ကြိုးဖြတ်ဖို့ကို အသည်းအသန် လိုက် ရှာနေပါ တယ် မွေးခန်းထဲမှာ ယောက်ယက်ခတ်နေတယ် သားကို ၁၁း၁၅ မိနစ်မှာမွေး တယ် OG က ၁၂း၃၀ ကျော်မှရောက်လာတယ် ကျွန်မကိုမချုပ်ပေးဘဲနဲ့ ပေါင် နှစ်ချောင်းကို ချိတ်ပြီး OG လာတဲ့အထိ စောင့်ခိုင်းပါတယ် က လေးဆရာဝန် Pof ဒေါ်မြမြအုန်းမှ လည်း ၁း၃၀ မှရောက် လာပါတယ် လူသားတစ်ယောက် ရဲ့အသက် ကို မငဲ့ ကွက်ပဲ အချိန်မ လေးစား မ ထောက်ထား တဲ့ ဆရာဝန်ဆရာမများကြောင့် သားလေး သေဆုံးသွားခဲ့ပါ တယ် ဝိတိုရိယ မှာက လေးပစ္စည်းကိရိယာမစုံလင် တဲ့အတွက် ရန်ကင်းက လေးဆေးရုံကို ပို့တဲ့အချိန်မှာ သားလေးဟာ အရာရာအားလုံးနောက်ကြသွားခဲ့ရပါပြီ
သားလေးဟာ တနင်္ဂနွေမနက်၇း၀၀ မှာဘဝတပါးကိုကူးပြောင်းသွားပါပြီး မိခင် နှင့် မွေးကင်းစက လေးများ ကျမလိုမဖြစ် စေရန် ရေးသားဖေါ်ပြလိုက်ပါတယ် share ပေးစေလိုပါသည်။
Nway Wah Wah Latt