လူျဖဴလိင္တံ အစားထိုးမိေသာ လူမည္း လူနာ အေရာင္တူေစရန္ တက္တူးထိုးေနရ အျပည့္အစုံဖတ္ရန္နွိပ္ပါ။

【 က်န္းမာေရး  】လူျဖဴလိင္တံ အစားထိုးမိေသာ လူမည္း လူနာ အေရာင္တူေစရန္ တက္တူးထိုးေနရ
==============================================





ref ; The Sun
ကိပ္ ၊ ေမ ၂၄
ေတာင္အာဖရိက ႏိုင္ငံမွ လိင္တံအစားထုိးကုသတဲလူနာတစ္ေယာက္ဟာ လူျဖဴအလႈရွင္ထံမွ လက္ခံမိတဲ့အတြက္ အေရာင္တူေစရန္ ေဆးမင္ေၾကာင္ ထိုးေနရတယ္လို႔သိရပါတယ္။ ဒီလုိ အေရာင္ျပန္ျခယ္ ရတဲ့ျဖစ္စဥ္ဟာ ကမာၻ႕ပထမဆံုး ကုိ႕ရိုးကားယားႏိုင္လွတဲ့ ျဖစ္စဥ္လည္းျဖစ္ပါတယ္။

အသက္ ၄၀ အရြယ္ အမ်ိဳးသားတစ္ဦးဟာ ရိုးရာအရ လိင္တံလွီးျဖတ္ျခင္း အခမ္းအနားမွာ မေတာ္တဆလိင္တံျပတ္သြားခဲ့သူျဖစ္ျပီး အလႈရွင္ တစ္ဦးထံမွလိင္တံကုိလက္ခံရရွိခဲ့သူလည္းျဖစ္ပါတယ္။
ယခုခြဲစိတ္မႈေအာင္ျမင္ျပီး ပါက ေနာက္လာမယ့္ေျခာက္လအတြင္း လိင္ဆက္ဆံႏိုင္၊ အျခားအမ်ိဳးသားမ်ားကဲ့သုိ႔ မတ္တပ္ရပ္ ဆီးသြားႏိုင္ျပီျဖစ္ ပါတယ္။

အဆိုပါ အမ်ိဳးသားဟာ လိင္တံျပတ္သြားခဲ့ျပီး သာမာန္ေယာက်္ား တစ္ဦးကဲ့သုိ႔ ျပဳမူႏိုင္ျခင္းမရွိသည္မွာ ၁၇ ႏွစ္ ၾကာခဲ့ျပီလည္းျဖစ္ပါတယ္။
ခြဲစိတ္ကုသမႈကုိ ျပဳလုပ္တဲ့ ပေရာ္ဖက္ဆာ Andre van der Merwe ဦးေဆာင္တဲ့ အဖြဲ႕ကေတာ့ ဒီျဖစ္စဥ္အေပၚ “အေသြးအေရာင္ အစပ္အဟပ္ မတည့္မႈ”လို႔ နာမည္လွလွေလးေပးခဲ့ပါတယ္။

ကူသမႈအဖြဲ႕သားျဖစ္တဲ့ Dr Alexander Zuhlke က ယခုလိုတက္တူး ထုိးျခင္းမွာ လိင္တံကဲ့သုိ႔ေနရာမ်ိဳးမွာပဲ ျပဳလုပ္ႏိုင္မည္ျဖစ္ေၾကာင္း၊ တက္တူးပညာရွင္မ်ား က ေဆးပညာနဲ႕ခ်ိတ္ဆက္ျပီး ဓာတ္မတည့္မႈ မျဖစ္ေစရန္ ၾကီးၾကပ္ေဆာင္ရြက္ရမည့္အျပင္ ၊ အၾကိမ္မ်ားစြာ ျပန္လည္ စစ္ေဆးမႈခံယူရန္လည္း လိုအပ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဆရာ၀န္အဖြဲ႕မွာ ယခုကဲ့သုိ႔ျပဳလုပ္တဲ့အေတြ႕အၾကံဳလံုး၀မရွိေသးတဲ့အျပင္ “အလြန္႔အလြန္ စိတ္ေရာကုိယ္ပါ ႏွစ္ျပီး”ဂရုတစိုက္ေဆာင္ရြက္ေန ရေၾကာင္း တကၠသိုလ္မွ Stellenbosch ၊ ဆီးလမ္းေၾကာင္းေဗဒဆရာ၀န္ Van der Merwe ကဆိုပါတယ္။

ေတာင္အာဖရိက ႏိုင္ငံမွာ ရိုးရာအစဥ္အလာရ လိင္တံအေရးျပားျဖစ္ေစ၊ အခ်ိဳ႕လိင္အဂၤါအစိတ္အပိုင္းျဖစ္ေစ လွီးျဖတ္ျခင္းျပဳလုပ္ရာမွ မေတာ္တဆ လိင္တံျပတ္ခဲ့သူအမ်ားအျပားရွိခဲ့ေၾကာင္းသိရပါတယ္။

စာရင္းဇယားတစ္ခုအရ အေရွ႕ပုိင္းကိပ္ ျပည္နယ္တစ္ခုတည္းမွာတင္ လိင္တံျပတ္သူ ၅၅ ဦးရွိေၾကာင္းသိရပါတယ္။ ပါေမာကၡ က သူ႕ရဲ႕ပထမဆံုး လိင္တံအစားထုိးကုသမႈကုိ ၂၀၁၄ ခုႏွစ္မွာစတင္ျပဳလုပ္ ခဲ့ေၾကာင္းေျပာၾကား ခဲ့ပါတယ္။        ။

Thomas  

( unicode )

【 ကျန်းမာရေး  】လူဖြူလိင်တံ အစားထိုးမိသော လူမည်း လူနာ အရောင်တူစေရန် တက်တူးထိုးနေရ
==============================================
ref ; The Sun
ကိပ် ၊ မေ ၂၄
တောင်အာဖရိက နိုင်ငံမှ လိင်တံအစားထိုးကုသတဲလူနာတစ်ယောက်ဟာ လူဖြူအလှုရှင်ထံမှ လက်ခံမိတဲ့အတွက် အရောင်တူစေရန် ဆေးမင်ကြောင် ထိုးနေရတယ်လို့သိရပါတယ်။ ဒီလို အရောင်ပြန်ခြယ် ရတဲ့ဖြစ်စဉ်ဟာ ကမ္ဘာ့ပထမဆုံး ကို့ရိုးကားယားနိုင်လှတဲ့ ဖြစ်စဉ်လည်းဖြစ်ပါတယ်။

အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဟာ ရိုးရာအရ လိင်တံလှီးဖြတ်ခြင်း အခမ်းအနားမှာ မတော်တဆလိင်တံပြတ်သွားခဲ့သူဖြစ်ပြီး အလှုရှင် တစ်ဦးထံမှလိင်တံကိုလက်ခံရရှိခဲ့သူလည်းဖြစ်ပါတယ်။
ယခုခွဲစိတ်မှုအောင်မြင်ပြီး ပါက နောက်လာမယ့်ခြောက်လအတွင်း လိင်ဆက်ဆံနိုင်၊ အခြားအမျိုးသားများကဲ့သို့ မတ်တပ်ရပ် ဆီးသွားနိုင်ပြီဖြစ် ပါတယ်။

အဆိုပါ အမျိုးသားဟာ လိင်တံပြတ်သွားခဲ့ပြီး သာမာန်ယောကျ်ား တစ်ဦးကဲ့သို့ ပြုမူနိုင်ခြင်းမရှိသည်မှာ ၁၇ နှစ် ကြာခဲ့ပြီလည်းဖြစ်ပါတယ်။
ခွဲစိတ်ကုသမှုကို ပြုလုပ်တဲ့ ပရော်ဖက်ဆာ Andre van der Merwe ဦးဆောင်တဲ့ အဖွဲ့ကတော့ ဒီဖြစ်စဉ်အပေါ် “အသွေးအရောင် အစပ်အဟပ် မတည့်မှု”လို့ နာမည်လှလှလေးပေးခဲ့ပါတယ်။

ကူသမှုအဖွဲ့သားဖြစ်တဲ့ Dr Alexander Zuhlke က ယခုလိုတက်တူး ထိုးခြင်းမှာ လိင်တံကဲ့သို့နေရာမျိုးမှာပဲ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ တက်တူးပညာရှင်များ က ဆေးပညာနဲ့ချိတ်ဆက်ပြီး ဓာတ်မတည့်မှု မဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ရမည့်အပြင် ၊ အကြိမ်များစွာ ပြန်လည် စစ်ဆေးမှုခံယူရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆရာဝန်အဖွဲ့မှာ ယခုကဲ့သို့ပြုလုပ်တဲ့အတွေ့အကြုံလုံးဝမရှိသေးတဲ့အပြင် “အလွန့်အလွန် စိတ်ရောကိုယ်ပါ နှစ်ပြီး”ဂရုတစိုက်ဆောင်ရွက်နေ ရကြောင်း တက္ကသိုလ်မှ Stellenbosch ၊ ဆီးလမ်းကြောင်းဗေဒဆရာဝန် Van der Merwe ကဆိုပါတယ်။

တောင်အာဖရိက နိုင်ငံမှာ ရိုးရာအစဉ်အလာရ လိင်တံအရေးပြားဖြစ်စေ၊ အချို့လိင်အင်္ဂါအစိတ်အပိုင်းဖြစ်စေ လှီးဖြတ်ခြင်းပြုလုပ်ရာမှ မတော်တဆ လိင်တံပြတ်ခဲ့သူအများအပြားရှိခဲ့ကြောင်းသိရပါတယ်။

စာရင်းဇယားတစ်ခုအရ အရှေ့ပိုင်းကိပ် ပြည်နယ်တစ်ခုတည်းမှာတင် လိင်တံပြတ်သူ ၅၅ ဦးရှိကြောင်းသိရပါတယ်။ ပါမောက္ခ က သူ့ရဲ့ပထမဆုံး လိင်တံအစားထိုးကုသမှုကို ၂၀၁၄ ခုနှစ်မှာစတင်ပြုလုပ် ခဲ့ကြောင်းပြောကြား ခဲ့ပါတယ်။        ။

crd.Thomas
Powered by Blogger.