သီရိလင်္ကာတွင် မူဆလင်ယောက်ျားဖြစ်သူမှ ကိုယ်ဝန်ဆောင် ဆယ်ကျော်သက်ဇနီးဖြစ်သူကို ထိုင်ခုံနှင့်တွဲလျက်ကြိုးတုပ်၊ ရေနံလောင်းပြီး မီးရှို့သတ်အပြည့်အစုံဖတ်ရန်နှိပ်ပါ။
သီရိလင်္ကာတွင် မူဆလင်ယောက်ျားဖြစ်သူမှ ကိုယ်ဝန်ဆောင် ဆယ်ကျော်သက်ဇနီးဖြစ်သူကို ထိုင်ခုံနှင့်တွဲလျက်ကြိုးတုပ်၊ ရေနံလောင်းပြီး မီးရှို့သတ်
မေ ၂၁၊ ၂၀၁၇
သီရိလင်္ကာနိုင်ငံတွင် မေ ၁၉၊ သောကြာနေ့က အသက် ၂၄ နှစ် အရွယ် မိုဟာမက် အီမရန်မှ အသက် ၁၈ နှစ် အရွယ် ၎င်း၏ဇနီးဖြစ်သူ ဖာသီမာ ရှာမီလာကို ထိုင်ခုံနှင့်တွဲလျက် ကြိုးတုပ်ပြီး ရေနံလောင်း၍ အရှင်လတ်လတ် မီးရှို့သတ်သောအမှု ဖြစ်ပွားခဲ့သည်။
သေဆုံးချိန်တွင် ဖာသီမာ ရှာမီလာ ၌ ၄ လ သားကိုယ်ဝန်ရှိနေပြီး ၇ လသားအရွယ် ကလေးတစ်ယောက်လည်း ကျန်ရစ်ခဲ့သည်။
မိုဟာမက် အီမရန်မှ ရှာမီလာကို သူမအသက် ၁၆ နှစ် အရွယ်က သူမအလိုမတူဘဲ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သီရိလင်္ကာတွင် မူဆလင်များမှာ အသက် မပြည့်သော်လည်း လက်ထပ်ခွင့်ရှိသည်။
မိုဟာမက် အီမရန်၌ ရှာမီလာမတိုင်မီ မိန်းမနှစ်ယောက်ရှိသေးပြီး ရှာမီလာမှာ တတိယမြောက်ဇနီးဖြစ်သည်။ သို့သော် သူမသည် တတိယမြောက်ဇနီးဖြစ်ကြောင်း ရှာမီလာမှာ သေသည်အထိ မသိခဲ့ရှာသလို လက်ထပ်စာချုပ်လည်း မရှိခဲ့ချေ။
မိုဟာမက် အီမရန်သည် ရှာမီလာအား နှိပ်စက်ညှင်းပန်းလေ့ရှိပြီး ထိုအကြောင်းအရာနှင့်ပတ်သက်၍ အခြားသူတစ်ဦးကြားသိခဲ့လျှင် ၇ လသားကလေးငယ်ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်လေ့ရှိရာ ရှာမီလာမှာ သေသွားသည့်တိုင်အောင် ရင်သွေးငယ်ကို စိတ်မဖြောင့်ခဲ့ရှာပေ။
Credit
https://www.colombotelegraph.com/…/tortured-sri-lankan-mus…/