ချစ်သူကိုသတ်ပြီး အိုးထဲထည့်ပြုတ်ကာ မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့တဲ့ စားဖိုမှုး အပြည့်အစုံဖတ်ရန်နှိပ်ပါ။

ချစ်သူကိုသတ်ပြီး အိုးထဲထည့်ပြုတ်ကာ မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့တဲ့ စားဖိုမှုး


စားဖိုမှူးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ Marcus Volke လို့အမည်ရတဲ့ အသက် 28 နှစ်အရွယ် သြစတေးလျှအ မျိုးသားဟာ 2014 ခုနှစ် အောက်တိုဘာလမှာ ချစ်သူကို သတ်ပစ်ခဲ့ပါတယ်။ သူဟာ Brisbane မြို့သားဖြစ်ပြီး၊ လူသတ် မှုကျူးလွန်ပြီး မကြာမီ မီးပြတ်သွားလို့ လျှပ်စစ်အင်ဂျင်နီယာ Brad Coyne ဆီကို အေးအေးဆေးဆေး ဖုန်းဆက်ကာ အကြံဉာဏ် တောင်းခဲ့ပါသေးတယ်။

Volke ဟာ အလောင်းကို ဖျောက်ပစ်တဲ့အနေနဲ့ စွပ်ပြုတ်ချက်တဲ့ ဟင်းအိုးကြီးထဲမှာ ချစ်သူ Mayang Prasetyo (27)နှစ် ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခုတ်ထစ်ထည့်သွင်းကာ စွတ်ပြုက်အဖြစ် ချက်နေခဲ့ပါတယ်။ ယင်းနောက် မီးပျက်သွားလို့ လျှပ်စစ်အင်ဂျင်နီယာဆီမှာ အကြံဉာဏ်တောင်းခံခဲ့တာပါ။

သေဆုံးသူ Mayang ဟာ ဇိမ်မယ်တစ်ယောက်လို့ သိရပြီး၊ ချက်ပြုတ်နေစဉ်မှာ စွတ်ပြုတ်အိုး အပွက်လွန်ပြီး ၀ါယာရှော့ဖြစ်သွားတာပါ။ သူက လျပ်စစ်အင်ဂျင်နီယာဆီကို ” 24 နာရီ လျှပ်စစ်ဝန်ဆောင်မှု အဖွဲ့ကလားဗျာ … “လို့ မေးခဲ့ပါတယ်။ ယင်းနောက် သူက ဆက်လက်ပြီး မီးပြတ်ခြင်းကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာကို ပြောပြခဲ့တာပါ။

သူက ” ဟုတ်ကဲ့ မီးပြတ်သွားတော့ ဟင်းချက်ရတာ ပြဿနာတော်တော်ကြီးတယ်ဗျာ … လျှပ်စစ်မီးဖိုလေ … စွတ်ပြုတ်က ပွက်ပွက်ဆူအောင် ဝေကျပြီး၊ မီးဖိုထဲကို ဟင်းရည်တွေ ၀င်သွားရာက ရှော့ဖြစ်သွားတာပါ … အဲဒါ ဒီနေ့ လာပြင် ပေးနိုင်မလား “လို့ သွေးအေးအေးနဲ့ ဖုန်းဆက်ခဲ့ပါတယ်။

Volke ရဲ့ အိမ်ကို လျှပ်စစ်အင်ဂျင်နီယာ Brad ရောက်လာတဲ့အခါမှာ မသင်္ကာဖွယ်ရာ အနံ့ကို ရခဲ့ပါတယ်။ Volke က ၀က်သားစွပ်ပြုတ်ချက်နေတာလို့ လိမ်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေဟာ လူတစ်ယောက်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အနေအထား၊ သွေးစသွေးနတွေနဲ့ ဦးခေါင်းပြတ်၊ လက်ပြတ်တွေကို တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမသိသလို ဟန်ဆောင်ပြီး မီးပြန်လာအောင် ပြုလုပ်ပေးခဲ့ပါတယ်။

ယင်းနောက် Brad ဟာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။ မကြာမီမှာ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် Volke အိမ်ဆီကို
ရောက်လာခဲ့ပြီး ရှာဖွေမှုတွေ ပြုလုပ်တဲ့အခါမှာ တရားခံ Volke ဟာ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ လမ်းတနေရာအ ရောက်မှာ ရဲတပ်ဖွဲ့ဝင်တွေ တားဆီးမှု မပြုနိုင်ခင် မိမိလည်ပင်းကို ဓားနဲ့လှီးကာ သေကြောင်းကြံစည်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်သူရဲ့ အိမ်ထဲကို ဆက်လက်ရှာဖွေတဲ့အခါမှာ Mayang ရဲ့ အပိုင်းပိုင်းဖြစ်နေတဲ့ ရုပ်အလောင်းနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့ကို ချက်ပြုတ်လက်စ စွတ်ပြုတ်အိုးကြီးကို တွေ့ခဲ့ရပါတယ်။ လက်ရှိအချိန် ထိတော့ မိမိကိုယ်ကိုယ် သေကြောင်းကြံသွားတဲ့ Volke ဟာ ချစ်သူ Mayang ကို ဘာကြောင့်သတ်ပစ်ခဲ့ရတယ်ဆိုတဲ့ အဖြေကိုတော့ မသိရသေးပါဘူး။

Credit -Shwemom
Powered by Blogger.